260505 ShengShaoYou update အမေက တစ်ခါက ပြောဖူးတယ်၊ လှပတဲ့အရာမှန်သမျှဟာ နောက်ဆုံးမှာတော့ အရောင်အဝါ မှိန်ဖျော့သွားရစမြဲတဲ့။ လူမနေတဲ့ နန်းတော်တွေဟာ ပြိုလဲပျက်စီးသွားမယ်၊ အသုံးမပြုဘဲ ပစ်ထားတဲ့ တူရိယာတွေဟာ အသံလွဲချော်သွားမယ်။ ရွှေချထားတဲ့ ရုပ်ထုတွေတောင်မှ ပူဇော်ပသသူမရှိရင် တဖြည်းဖြည်းနဲ့ ကွာကျပြီး မျက်နှာသွင်ပြင်တွေ မှေးမှိန်သွားတတ်တယ်လေ။ စကြဝဠာရဲ့ Entropy (ပျက်စီးခြင်းနိယာမ) ဟာ အရာအားလုံးကို တိတ်တဆိတ် ဝါးမြိုနေပြီး၊ လူတွေရဲ့ ဆံပင်မှာ ဆံပင်ဖြူတွေပေါ်ပေါက်စေသလို မျက်နှာသွင်ပြင်တွေကိုလည်း ဝေဝါးသွားစေတယ်။ ဒါပေမဲ့ တကယ်တမ်း တန်ဖိုးထားတတ်မယ်ဆိုရင်တော့ ကြောက်နေစရာမလိုပါဘူး။ စိတ်အပြင်ဘက်မှာ ဘာမှမရှိဘူး။ စကြဝဠာကြီးကိုယ်တိုင်ကတောင် စိတ်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါရပြီး၊ ခုခံတွန်းလှန်လို့မရတဲ့ “ယခုဘဝ” နဲ့ ဘယ်တော့မှ ခွဲခွာရမှာမဟုတ်တဲ့ “နောင်ဘဝ” ဆီကို ညွှန်ပြနေလိမ့်မယ်။ အမေ့ရဲ့ ဒီလိုမျိုး…
“အချစ်ဆိုတာ မျက်စိနဲ့ ကြည့်ရတာမျိုး မဟုတ်ဘဲ နှလုံးသားနဲ့ ခံစားရတာမျိုးပါ။ ဒါကြောင့်လည်း အချစ်နတ်ဘုရား Cupid ရဲ့ မျက်လုံးတွေဟာ အမြဲတမ်း စည်းနှောင်ပိတ်ဆို့ခံထားရတာပေါ့” 《နွေလယ်ညအိပ်မက်》 မြေပဲတောင့်လေး ဟွားရှန့်က ကျွန်တော့်ကို မေးတယ် “ပါးပါး… အချစ်ဆိုတာ ဘာလဲဟင်” တဲ့။ ကျွန်တော်က “မင်းဖေဖေနဲ့ ငါ့လိုမျိုးပေါ့” လို့ ဖြေလိုက်မိတယ်။ အကောင်ပေါက်လေးက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ပြီး … “သိပြီ… ဆရာမပြောတာ မှန်တယ်” တဲ့။ ကျွန်တော်ကတော့ P နိုင်ငံက ပို့လိုက်တဲ့ သုံးလပတ် အစီရင်ခံစာကို ဖတ်နေမိတာပါ။ ဒါပေမဲ့ လူကြီးမင်းရှန့်က မှာထားဖူးတယ်၊ ကလေးရဲ့ မေးခွန်းတိုင်း တုံ့ပြန်မှုတိုင်းကို စိတ်ရှည်သည်းခံရမယ်၊ မေးသမျှဖြေပေးပြီး ပြောသမျှကိုလည်း အလေးအနက်ထားပေးရမယ်တဲ့။ ကျွန်တော် အရမ်းအလုပ်ရှုပ်နေလို့ ခေါင်းမဖော်နိုင်ပေမဲ့…
Hi Hi Hi … ကျွန်တော် ရောက်ပါပြီ! ဒီနေ့ကတော့ “ဟိုင်း ဟိုင်း Remix” ဗားရှင်းပေါ့။ ဘာမှမစားရသေးဘူး၊ စောသေးတယ်လေ။ Fan: Xing Xingရေ၊ မေလ ၁၃ ရက်နေ့ကျရင် McDonald’s နဲ့ Crayon Shin-chan ပေါင်းပြီး ထုတ်မယ့်ဟာလေး သွားဝယ်ဖို့ မမေ့နဲ့ဦးနော်! : ဟားဟားဟား။ Fan:A Xing ၊ မေဒေးအားလပ်ရက်ကို ဘယ်လိုဖြတ်သန်းခဲ့လဲ? အပြင်တွေသွားဖြစ်လား? ပျော်ခဲ့ရဲ့လား? : ဟုတ်ကဲ့၊ ဟုတ်ကဲ့! အရမ်းပျော်ဖို့ကောင်းခဲ့တယ် Fan: Huang Xiaoxing၊ ထိုင်းမှာလုပ်ခဲ့တဲ့ Qiu Qiu ရဲ့ မွေးနေ့ပွဲဖျော်ဖြေပွဲတုန်းက မင်းတို့နဲ့ ပထမဆုံးအကြိမ် ဆုံဖူးတာပဲ! တကယ်ကို အမိုက်စားကြီးပါပဲ အရမ်းပျော်ခဲ့ရပါတယ် ဖျော်ဖြေပွဲတွေမှာ…
Enjoy the highlights of the month
My loooong… (like really long) confession to Desire 4 is in progress. Stay tuned! 💖