260505 ShengShaoYou update
အမေက တစ်ခါက ပြောဖူးတယ်၊
လှပတဲ့အရာမှန်သမျှဟာ နောက်ဆုံးမှာတော့ အရောင်အဝါ မှိန်ဖျော့သွားရစမြဲတဲ့။
လူမနေတဲ့ နန်းတော်တွေဟာ ပြိုလဲပျက်စီးသွားမယ်၊ အသုံးမပြုဘဲ ပစ်ထားတဲ့ တူရိယာတွေဟာ အသံလွဲချော်သွားမယ်။
ရွှေချထားတဲ့ ရုပ်ထုတွေတောင်မှ ပူဇော်ပသသူမရှိရင် တဖြည်းဖြည်းနဲ့ ကွာကျပြီး မျက်နှာသွင်ပြင်တွေ မှေးမှိန်သွားတတ်တယ်လေ။
စကြဝဠာရဲ့ Entropy (ပျက်စီးခြင်းနိယာမ) ဟာ အရာအားလုံးကို တိတ်တဆိတ် ဝါးမြိုနေပြီး၊ လူတွေရဲ့ ဆံပင်မှာ ဆံပင်ဖြူတွေပေါ်ပေါက်စေသလို မျက်နှာသွင်ပြင်တွေကိုလည်း ဝေဝါးသွားစေတယ်။
ဒါပေမဲ့ တကယ်တမ်း တန်ဖိုးထားတတ်မယ်ဆိုရင်တော့ ကြောက်နေစရာမလိုပါဘူး။
စိတ်အပြင်ဘက်မှာ ဘာမှမရှိဘူး။
စကြဝဠာကြီးကိုယ်တိုင်ကတောင် စိတ်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါရပြီး၊ ခုခံတွန်းလှန်လို့မရတဲ့ “ယခုဘဝ” နဲ့ ဘယ်တော့မှ ခွဲခွာရမှာမဟုတ်တဲ့ “နောင်ဘဝ” ဆီကို ညွှန်ပြနေလိမ့်မယ်။
အမေ့ရဲ့ ဒီလိုမျိုး လက်တွေ့လောကနဲ့ မပတ်သက်တဲ့ သီအိုရီတွေအပေါ်ကျွန်တော် အစွန်းရောက်တဲ့အထိ လျစ်လျူရှုခဲ့ဖူးတယ်။
ဒါပေမဲ့ အခုချိန်မှာတော့… အခန်းအပူချိန် ၂၀ ဒီဂရီ၊ စောင်ထဲကအပူချိန် ၃၂ ဒီဂရီ ရှိနေတဲ့ အခုလိုအချိန်မှာတော့၊ ကျွန်တော်ဟာ ‘ခုခံတွန်းလှန်လို့မရခြင်း’ ကို စတင်ယုံကြည်လာပြီး ‘ခွဲခွာရမှာမဟုတ်ခြင်း’ ကို တောင့်တမိလာပြီ
အချိန်တွေက ရှေ့ကိုရွေ့လျားနေပြီး အရာရာဟာ နောက်ကျန်ခဲ့ကြတယ်။
သူတစ်ယောက်တည်းကသာ ဘယ်တော့မှ အရောင်အဝါ မမှိန်သွားဘဲ ပိုလို့တောင် တောက်ပလာခဲ့တယ် သူ့ရဲ့ အလှအပ၊ ရင်ခုန်သံ အားလုံးဟာ ပူနွေးတဲ့ချွေးစက်တွေလိုပဲ… ကျွန်တော့်ကို ရင်ဘတ်ထဲမှာ ပူလောင်စေပြီး အသိစိတ်တွေကို ပျောက်ဆုံးသွားစေတယ်။
“လူကြီးမင်းရှန့်ကို ချစ်တယ်” လို့ အဲ့ဒီအရူးလေး ”ဟွားရုံ ”ပြောလိုက်တဲ့ စကားလုံးတိုင်းမှာ…
ကျွန်တော်တို့အတူတူ ဖြတ်သန်းခဲ့တဲ့ နွေရာသီတွေအားလုံးဟာ စကြဝဠာရဲ့ Entropy တန်ဖိုးတွေကြားမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး ‘ထာဝရ’ ဆီကို ဦးတည်သွားပါလိမ့်မယ်….
My mother once told me:
“Everything that is beautiful will eventually fade and lose its radiance.”
Empty palaces collapse and decay; musical instruments left unused go out of tune.
Even golden statues, if no one offers them worship, will slowly erode and their features will fade away.
The universe’s entropy—the law of decay—quietly consumes everything. Just as it causes strands of white hair to appear in human hair, it also blurs and fades facial features.
But in truth, if you learn to cherish things properly, there is nothing to fear.
There is nothing outside the mind.
Even the universe itself must follow the direction of the mind, pointing toward the irreversible “present life” and the “next life” that we will never truly be separated from.
I once dismissed my mother’s theories as being disconnected from reality, even to an extreme degree.
But now… in a moment like this, with the room at 20°C and the warmth inside the blanket at 32°C, I am beginning to believe in the “irreversibility” she spoke of—and to long for this “inseparable existence.”
Time keeps moving forward, and everything is left behind.
Only one person has never faded in radiance; instead, they have become even brighter. Their beauty and heartbeat feel like warm droplets of sweat, burning inside my chest and causing my consciousness to drift away.
Every time that foolish little “Hua Yong” says, “I love Young Master Sheng”…
All the summers we spent together are turned into ashes within the entropy of the universe, drifting toward what we call “eternity.”
05 May 2026
Nong Jian (弄简)

