“အချစ်ဆိုတာ မျက်စိနဲ့ ကြည့်ရတာမျိုး မဟုတ်ဘဲ နှလုံးသားနဲ့ ခံစားရတာမျိုးပါ။ ဒါကြောင့်လည်း အချစ်နတ်ဘုရား Cupid ရဲ့ မျက်လုံးတွေဟာ အမြဲတမ်း စည်းနှောင်ပိတ်ဆို့ခံထားရတာပေါ့”
《နွေလယ်ညအိပ်မက်》
မြေပဲတောင့်လေး ဟွားရှန့်က ကျွန်တော့်ကို မေးတယ် “ပါးပါး… အချစ်ဆိုတာ ဘာလဲဟင်” တဲ့။
ကျွန်တော်က “မင်းဖေဖေနဲ့ ငါ့လိုမျိုးပေါ့” လို့ ဖြေလိုက်မိတယ်။
အကောင်ပေါက်လေးက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်ပြီး …
“သိပြီ… ဆရာမပြောတာ မှန်တယ်” တဲ့။
ကျွန်တော်ကတော့ P နိုင်ငံက ပို့လိုက်တဲ့ သုံးလပတ် အစီရင်ခံစာကို ဖတ်နေမိတာပါ။ ဒါပေမဲ့ လူကြီးမင်းရှန့်က မှာထားဖူးတယ်၊ ကလေးရဲ့ မေးခွန်းတိုင်း တုံ့ပြန်မှုတိုင်းကို စိတ်ရှည်သည်းခံရမယ်၊ မေးသမျှဖြေပေးပြီး ပြောသမျှကိုလည်း အလေးအနက်ထားပေးရမယ်တဲ့။
ကျွန်တော် အရမ်းအလုပ်ရှုပ်နေလို့ ခေါင်းမဖော်နိုင်ပေမဲ့ အိမ်တွင်းပညာရေးမူဝါဒကိုတော့ အကောင်အထည်ဖော်ဖို့ မမေ့ပါဘူး။
ခိုးပြုံးနေတဲ့ မြေပဲတောင့်လေးကို မေးလိုက်တယ် “မင်း ဘာကို သိသွားတာလဲ”
ဟွားရှန့်က မျက်နှာလေးဝင်းပစွာနဲ့ …
“ဟွားယုံ… မင်းက ဖေဖေ့ကို တကယ်ချစ်တာပဲနော်” တဲ့။
ပြောဖို့တောင် လိုသေးလို့လား?
ငါသာ လူကြီးမင်းရှန့်ကို မချစ်ရင် မင်းဆိုတာ ရှိလာပါ့မလား?
ဒါပေမဲ့ လူကြီးမင်းရှန့် အလေးထားတဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျွန်တော် စိတ်ရှည်ရှည်နဲ့ပဲ ဆက်မေးလိုက်တယ်။
“ဘာလို့ အဲလိုပြောတာလဲ”
“ဆရာမ ပြောတာလေ” ဟွားရှန့်က ရှင်းပြတယ်
“လူဆိုတာ ကိုယ့်အတွက် အရေးကြီးတဲ့သူကို ကိုယ့်ထက်အရင် ဦးစားပေးတတ်ကြတယ်တဲ့”
သူက လူကြီးလေးလိုမျိုး မေးစေ့လေးပွတ်ပြီး ကျွန်တော့်နား လျှောက်လာတယ်။
“ကြည့်လေ… ခင်ဗျား ခုနက ပြောတော့ ‘မင်းဖေဖေနဲ့ ငါ’ လို့ ပြောတယ်လေ။ ခင်ဗျားလို မာနကြီးတဲ့သူတောင် ဖေဖေ့ကို မင်းရှေ့မှာ ထားတယ်ဆိုတော့ မင်း ဖေဖေ့ကို တကယ်ချစ်တာ သိသာတာပေါ့”
ကျွန်တော်နဲ့ လူကြီးမင်းရှန့် အတူတူစိုက်ပျိုးထားတဲ့ ဒီမြေပဲတောင့်လေးက စာတွေပေတွေတောင် ကိုးကားတတ်နေပြီပဲ။
“ဟွားယုံ… ဆရာမက ကျွန်တော်တို့ကို ကိုယ့်မိသားစုထဲမှာ အတွေ့ရဆုံး အချစ်အကြောင်း ကဗျာတစ်ပုဒ် ရေးခိုင်းတယ်။ ကျွန်တော် ခင်ဗျားရဲ့ အမြင်နဲ့ ကဗျာတစ်ပုဒ် ရေးထားတယ်၊ ဖတ်ပြမယ် နားထောင်ပေးဦး…
「အချစ်ဆိုတာ ဟန်ဆောင်တတ်တယ်၊ လိမ်ညာတတ်တယ်၊ အပြောကောင်းတတ်တယ်။ နွေရာသီမှာ… ကျွန်တော့်ရဲ့ ချစ်သူကို တောင်းဆိုချင်တာက ကျွန်တော့်ရဲ့ ဟန်ဆောင်မှုတွေနဲ့ မျက်နှာဖုံးတွေကြားကနေ ဖောက်ထွက်မြင်ပေးပါ။ ကျွန်တော့် မျက်ရည်တွေရဲ့ အပူချိန်ကို ခံစားပေးပါ။ ကျွန်တော့် အချစ်ရဲ့ အမှန်တရားကို ကြည့်ပေးပါ။
စိမ်းလန်းစိုပြေလှတဲ့ သစ်တောအုပ်ကြီးထဲမှာ…
ကျွန်တော့်ချစ်သူကို အမြဲတမ်း စိမ်းလန်းရှင်သန်ခွင့်ပေးဖို့ နတ်ဘုရားတွေထံ ကျွန်တော် ဆုပန်ပါတယ်။」
“ဘယ်လိုလဲ?”
သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ မျှော်လင့်တကြီး ကြည့်နေတယ်။
“အရမ်းကို ကွက်တိကျတယ်မလား”
ကျွန်တော် နောက်ဆုံးကိန်းဂဏန်းကို ဖတ်ပြီးတော့ လက်ပ်တော့ကို ပိတ်လိုက်တယ်။ ပြီးမှ ဟွားရှန့်ကို ပြောလိုက်တယ်။
“မဆိုးပါဘူး… ဒါပေမဲ့ တစ်ခုတော့ မှားနေတယ်”
“ဘာလဲ” မြေပဲတောင့်လေးက မျက်မှောင်လေးကြုတ်ပြီး…
“ဘာမှားလို့လဲ” လို့ မေးတယ်။
“ငါ ဘယ်တော့မှ ဆုမတောင်းဘူး”
“ဘာလို့လဲ”
ဘာလို့လဲဆိုတော့ နတ်ဘုရားတွေက ဝေးလွန်းလို့ မကြားနိုင်ဘူးလေ။ ကျွန်တော့်မှာ တောင်းဆိုစရာရှိရင် သူ့ကို တိုက်ရိုက်ပဲ ပြောလိုက်တယ်။
နောက်တစ်ကြိမ်…
မရှောင်နဲ့ဦး။
ခင်ဗျားကို ငါချစ်တယ်။
နွေရာသီက အရမ်းပူတယ်၊ စောင်ထဲမှာ သူ ချွေးတွေ အရမ်းထွက်တတ်တယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ့မှာ အဲကွန်းရှိတယ်၊ ကျွန်တော့်မှာတော့ သူ ရှိတယ်လေ။
05 May 2026
Nong Jian (弄简)
A Summer Love Story
“Love is not something you see with your eyes, but something you feel with your heart. That’s why Cupid, the god of love, is always depicted with his eyes blindfolded.”
— A Midsummer Night’s Dream
Little Peanut Huasheng asked me,
“Papa… what is love?”
I replied,
“It’s like what your father and I have.”
The little one gave a sly, knowing smile and said…
“I get it now… my teacher was right.”
I asked the little peanut, who was secretly smiling,
“What is it that you’ve realized?”
Hua Sheng, with a bright, glowing face, said…
“Hua Young… you really love Dad, don’t you?”
Does that even need to be said?
If I didn’t love your father, would you even exist?
But for the sake of the child’s emotional well-being—which Mr. Sheng cares deeply about—I patiently continued asking,
“Why do you say that?”
“My teacher said so,” Hua Sheng explained.
“People tend to put the person who is most important to them before themselves.”
He stroked his chin like a little adult and walked closer to me.
“Look… earlier you said, ‘your dad and I.’ Even someone as proud as you put Dad before yourself. That clearly shows you really love him.”
This little peanut that Mr. Sheng and I raised together has already learned to quote what he’s been taught.“Hua Yong… my teacher asked us to write a poem about the kind of love we see most often in our family. I wrote one from your perspective—let me read it to you…”
In a vast, lush green forest…
I pray to the gods
to let my beloved remain forever green and full of life.”“Love knows how to pretend, how to lie, and how to speak sweetly.
In the summer… what I wish from my beloved is this—
to see through all my disguises and masks,
to feel the warmth of my tears,
and to recognize the truth of my love.
“How is it?”
He looked at me with pride and anticipation.
“It’s pretty spot-on, right?”
After reading the last line, I closed the laptop and then said to Huasheng,
“It’s not bad… but there’s one thing that’s wrong.”
“What is it?” The little peanut frowned slightly…
“What’s wrong with it?” he asked.
“I never make wishes.”
“Why?”
Because the gods are too far away to hear them. If I have something to ask for, I just tell him directly.
Next time…
don’t avoid it.
I love you.
Summer is very hot—he sweats a lot under the blanket,
but it’s okay.
He has air-conditioning, and I have him.
05 May 2026
Nong Jian (弄简)
This is fan translation from Hua Yong Weibo update as of 05 May 2026.
(Hua Yong is a fictional character in the Chinese ABO (Omegaverse) BL series Desire (2025), portrayed by Huang Xing)

